K-Beauty, K-Fashion, K-Food, Everything K!

Get the new info on K!

Cooking

[양념치킨, Yangnyeom chicken, Korean seasoned fried chicken] ကိုရီးယား ကြက်ကြော် လုပ်နည်

ဒီတစ်ပတ် ပိတ်ရက် လေးမှာ အပြင်တွေလည်း ထွက်လို့ မရတော့ ကိုရီးယားကားလေး ကြည့်ရင်း ကိုရီးယားဆန်ဆန်နဲ့ လွယ်လွယ်ကူကူ ချက်စားနိုင်မယ့် ကိုရီးယားကြက်ကြော် နည်းလေးကို K-foodက ပြောပြပေးသွားမှာ ဖြစ်ပါတယ်နော်…….
*Source: Naver Blog

ကိုရီးယား ကြက်ကြော်ဆိုတာ သူ့ရဲ့ အနှစ်က အသက်ပါပဲနော်
အနှစ်လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းလေးတွေ ကလည်း လွယ်ကူပါတယ်
​ပါဝင်ပစ္စည်း
ရိုးရိုးရေ ၅ဇွန်း၊ ဆော့စ် ၄ ဇွန်း ၊ ငရုတ်သီးအနှစ် ၂ဇွန်း ၊ ပဲငံပြာရည် ၃ဇွန်း ၊ ကြက်သွန်ဖြူထောင်း ၅ဇွန်း ၊ အရောင်တင်မှုန့်(ငရုတ်သီးမှုန့်) ၂ဇွန်း ၊သကြား၅ဇွန်း
ငရုတ်သီးအနှစ် ၂ဇွန်း….
ငရုတ်​သိီးအနှစ် ကို လျော့ချင်တယ်ဆိုရင် တစ်ဇွန်းပဲ ထည့်ပါ။
ပြောင်းဖူး အချိုရည် (corn syrup) ၅ဇွန်း….
ဆော့စ် ၃ဇွန်း….
ပဲငံပြာရည် ၃ဇွန်း….
ကြက်သွန်ဖြူထောင်း ၅ဇွန်း
ငရုတ်သီးမှုန် (အရောင်တင်မှုန့်) ၃ဇွန်း…..
သကြား ၅ဇွန်း….
ပမာဏက နည်းနည်းတော့ များပါတယ်။ တစ်ခါတည်း လုပ်ထားတော့ နောက်တစ်ခါတွေလည်း စားလို့ရတာပေါ့လေ။

ကြက်ကြော် အနှစ်လုပ်ရတာ အရမ်းလွယ်ပါတယ်။ ပါဝင်ပစ္စည်းတွေ အကုန်ထည့်ပြီး ကျော်လိုက်ရင် ပြီးပြီ!!!.
ကြက်ကြော်အနှစ်တွေက အိုးဘေးအနားတွေက စပြီး အမြုပ်ကလေးတွေ ထလာမှာမလို့ သေချာမွေလို့ရအောင် ပွက်လာတာနဲ့ မီးပိတ်လိုက်ပါ။ ဒါဆိုရင် အနှစ်လုပ်လို့ပြီးပါပြီ …အရမ်းလွယ်တယ်နော်
ကြက်ကြော်မှုန်ကို ရေနဲ့ ပစ်ပစ်လေး နယ်ပြီး ဆေးကြောသန့်စင်ထားတဲ့ ကြက်ခြေထောက်ကို နစ်ပြီး ကြော်လိုက်ပါ…

​ကြက်ကြော်မှုန့်ဆိုတာ အမျိုးမျိုးရှိတဲ့အတွက် အဆင်ပြေသလို သုံးလို့ရပါတယ်။
​ဒီနေရာမှာ ကြွပ်ကြွပ်ရွရွ စားချင်တယ်ဆိုရင် ကြက်ကြော်မှုန့်ထဲကို နောက်တစ်ခါ ထပ်နစ်လိုက်ပြီး ဆီထဲကို ထည့်ကြော်လိုက်ရင် ရပါပြီ
ကြော်ပြီးရင်တော့ ခုန ပြင်ထားတဲ့ ဆော့စ်နဲ့ ပူနေတုန်း နယ်ပေးရပါမယ်။ ပူနေတုန်း နယ်ရင် ဆော့စ် ပိုကပ်လို့ပါ
လက်ထဲမှာ ပါလာသလောက် ကြော်ထည့်လိုက်တာ ဘယ်လောက်ကြော်မိမှန်းကို မသိတော့ပါဘူး။ ကြက်ကြော်ကတော့ စားလိုက်တာ သုံးပိုင်းပဲကျန်တော့တယ် ခ်ခ်
ကဲ ပိတ်ရက်လေးမှာ ကိုရီးယားဆန်ဆန် အိမ်မှာ အလွယ်တကူ ကြော်စားနိုင်ပါပြီနော်….
မင်မင်ကတော့ သရေတွေ ကျရင်း တင်သွားပါပြီနော်……😂
ကျွန်မကတော့စျေးထဲကနေ ဆန်မှုန့် ချပ်တွေပါ ဝယ်လာလို့ အဲ့တာထဲကို ကြက်ကြော်နဲ့ ညှပ်စားလိုက်တာ အရမ်းကို ဂွတ်ပါပဲ….
ပုံပါ ပဲ ကြော် အချိုမှုန့်တွေပါ ဝယ်လာပြီး အပေါ်က ဖြူးစားရင်ပိုကောင်း…. .
အဲ့ထဲကို သုံးထပ်သားလေးပါ ထည့်စားလိုက်ရင် စိမ့်တဲ့ အရလေးပါ ထပ်တိုးပြီး So so goodပါပဲ….

Join the conversation

TOP

SHOPPING BAG 0

Wishlist

Login

Create an account

Password Recovery

Lost your password? Please enter your username or email address. You will receive a link to create a new password via email.