K-Beauty, K-Fashion, K-Food, Everything K!

Get the new info on K!

Cooking

[김치찌개, Kimchi-jjigae, Kimchi stew] ကိုရီးယား ဝက်သား ကင်မ်ချီ ကျီဂယ်ချက်နည်

ဒီတစ်ခါတော့ K-foodကနေ ကိုရီးယား ကင်မ်ချီ ကျီဂယ် (ကင်မ်ချီ စတူး )ချက်နည်းကို ပြောပြသွားမှာ ဖြစ်ပါတယ်
Source:Naver Blog

ပါဝင် ပစ္စည်းတွေကတော့
ဝက်ခြေထောက် အသား ၄၀ဂရမ်၊ ရေ၇၀၀ မီလီလီတာ ၊ ကင်မ်ချီ တစ်ပန်းကန်၊ကြက်သွန်မြိတ် ၂/၃ပင် ၊ ပဲပြား တစ်ခြမ်း၊ ငရုတ်သီးမှုန့်အကြမ်း ၁ဇွန်း၊ ပဲငံပြာရည် ၁၊ဇွန်း ၊ပုစွန်ဆားရေစိမ် ၁ဇွန်း ၊ ကြက်သွန်ဖြူထောင်း ၁ဇွန်း ၊မိမိ စိတ်ကြိုက်ကို လိုက်ပြီး သကြား အနည်းငယ် ၊
အရင်ဆုံး ပြင်ရမှာက ဝက်သား!!!
အသားပါမှလည်း အရသာက ရှိမှာလေ…..
ဘယ်နေရာကို သုံးသုံး အဆင်ပြေပေမယ့် ရှေ့ဒူးသားကိုပဲ သုံးထားပါတယ် ။ဘတ်ဂျွန်ဝမ် ရဲ့ ကင်မ်ချီ ဂျီဂယ် ဟင်းလျာမှာတော့ ၁၃၀ဂရမ်လောက် သုံးပေမယ့် ကျွန်တော်ကတော့ များများလေး သုံးဖို့ ၃၄၀ဂရမ် သုံးလိုက်ပါတယ် ။
ရေ ၅၄၀ မီလီလီတာ ထည့်ပြီး ပြုတ်ခဲ့ပေမယ့် ကျွန်တော်ကတော့ ရေများများ ၇၀၀မီလီ လောက် သုံးခဲ့ပါတယ်။
ပထမဆုံးကနေ ရေထဲကို ဝက်သားတွေ ထည့်ပြီး ပြုတ်ပေးပါ။
အဓိက ပွိုင့်ကတော့ ဝက်သားပြုတ်တဲ့ နေရာမှာ ဆားငန်ပုဇွန် ၁ဇွန်းလောက် ထည့်သင့်ပါတယ်
​အနည်းဆုံး ၁၀မိနစ်လောက် ပွက်တဲ့ထိ ပြုတ်ပေးပါ၊ ဒီလိုမျိုး ဟင်းရည်ရအောင် ပြုတ်ထားရင်းနဲ့ အသားတွေ နူးတဲ့ထိ ပြုတ်ထားပါ။ ထပ်ပြီး ပြုတ်ရင်လည်း ကောင်းပေမယ့် ၁၁မိနစ်လောက် ပြုတ်ပေးပါ…..
ဒီနည်းက ဒီတစ်ခေါက် ကင်မ်ချီဂျီဂယ်ရဲ့ အရသာကို ပြင်းအောင် လုပ်ပေးတာလည်း ဖြစ်ပါတယ်။
​ဒီလိုမျိုး ပြုတ်နေတဲ့အချိန်အတွင်း ထည့်သွင်းပြုတ်ရမယ့် ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ပါ….ကျွန်တော်ကတော့ ပဲပြားကြိုက်လို့ ပဲပြားပါ ထည့်လိုက်ပါတယ်….
​ပဲပြားကို စားဖို့ သင့်တင့်တဲ့ အရွယ်အစားနဲ့ ကြက်သွန်မြိတ်ကိုလည်း ပါးပါးလှီးပါ
ဒါကတော့ ၁၀မိနစ်လောက် ပြုတ်ပြီးမှ ရလာတဲ့ ပုံစံလေးပါ.
.အပေါ်မှာ အမြုပ်လေးတွေ ထလာတဲ့အထိ
​အနည်းငယ် ဖယ်ထုတ်ပစ်ခဲ့ပေမယ့် အဆီတွေတော့ မဖယိပါဘူးနော် ဒါတွေဖယ်ရင် အရသာရှိတော့ မှာ မဟုတ်ပါဘူး

ရေနည်းသွားလို့ဆိုပြီး ထပ်ထည့်စရာမလိုတော့ပါဘူး
စကတည်းက ၇၀၀မီလီ ထည့်ခဲ့လို့လေ….
ဒါဆို ဒီနေရာမှာ အစဉ်အတိုင်း ပါဝင်ပစ္စည်းတွေ ထည့်ပါမယ် ။ပြင်ဆင်ထားတဲ့ ကင်မ်ချီ ထည့်မယ်
​ပဲငံပြာရည်
ငရုတ်သီးမှုန့်
ငရုတ်သီးမှုန်းကို အကြမ်းသုံးထားပါတယ်
ကြက်သွန်ဖြူထောင်း
ပြီးတော့ ပဲပြား …ကျွန်တော်တို့ အိမ်က တိုဖူးကြိုက်လို့ မဖြစ်မနေ အမြဲ ထည့်ပါတယ်။ ထည့်လည်းရသလို မထည့်လည်း အဆင်ပြေပါတယ်။ ပြီးရင် ခဏလောက် အဖုံးလေး ပိတ်ပြီး ပြုတ်ထားပါ ။
​ကင်မ်ချီ အနည်းငယ် ကျက်ပြီတဲ့ ပုံစံပါ! ပွက်ပွက် ပွက်ပွက် ဆူနေတဲ့ အသံကို ထမင်းစားဖို့ ခေါ်နေသလိုပါပဲ…ခ်ခ်

​နောက်ဆုံးမှာ ကြက်သွန်မြိတ်ထည့်မယ် …..
​ပြီးရင် သေချာမွေပြီး အရသာမြည့်ကြည့်ပါ ​

အရသာက ကောင်းပေမယ့် အသားများလို့လား မသိဘူး ထူထူကြီး ဖြစ်နေလို့ ကျွန်တော် သကြားနည်းနည်းလေး ထည့်ပါတယ် ကျွန်တော့အကြိုက်ထည့်တာမလို့ လူကြီးမင်းတို့ကတော့ မထည့်လည်းရတယ်။
ပန်းကန်ထဲ ထည့်စားရမလား စဉ်းစားသေးတယ် နောက်တော့လည်း အိုးနဲ့ပဲ စားဖြစ်သွားပါတယ်..😆 အရည်ကို ကြည့်ပါဦး ဘယ်လောက် သရေကျစရာကောင်းလဲ!!!!
​အသားတွေ အများကြီးထည့်ထားတာပဲ ပြောစရာ မလိုတော့ပါတော့……

Join the conversation

TOP

SHOPPING BAG 0

Wishlist

Login

Create an account

Password Recovery

Lost your password? Please enter your username or email address. You will receive a link to create a new password via email.