K-Beauty, K-Fashion, K-Food, Everything K!

Get the new info on K!

Cooking

[라볶이, Rabokki, a type of tteokbokki, with added ramyeon noodles] ကိုရီးယား ရာပို့ကီ ချက်စားနည်

ခေါက်ဆွဲပြုတ်ကို ဒီတိုင်းပြုတ်စားနေတုန်းပဲလား????
ကဲ ဒီနေ့ကတော့ ပုံမှန် ခေါက်ဆွဲပြုတ်ကိုမှ ကိုရီးယားနိုင်ငံရဲ့ အစားအစာတစ်မျိုးဖြစ်တဲ့ ရာပို့ကီ အနေနဲ့ ချက်စားနိုင်တဲ့ နည်းကို K-foodကနေ ပြောပြပေးမှာ ဖြစ်ပါတယ်….

*SOURCE:Naver

ကဲ ဒါဆို စလိုက်ကြရအောင်နော်….
ပါဝင်ပစ္စည်း
ဆန်ချောင်း၊ ငါးအသားပြား၊ ခေါက်ဆွဲခြောက်၊ ဂေါ်ဖီထုတ်၊ကြက်သွန်ဖြူ၊ငရုတ်သီး၊ကြက်သွန်မြိတ်၊ငရုတ်သီးမှုန့် ၁ဇွန်း၊ ငရုတ်အနှစ် ၁ဇွန်း၊ ပဲငံပြာရည် ၂ဇွန်း၊ မက်မန်းသီး Juice ၁ဇွန်း၊နှမ်းဆီ ၁ဇွန်း

ဂေါ်ဖီထုတ်၊ကြက်သွန်နီ၊ငါးအသားပြား ၊ငရုတ်သီးစိမ်းတောင့်ရှည် တို့ကို သင့်တင့်တဲ့ အရွယိအစားနဲ့ လှီးပေးပါ~

ဆန်ချောင်းကတော့ ရေခဲသေတ္တာထဲမှာ ထားတာဆိုတော့ ရေထဲကို ခဏစိမ်ထားလိုက်ပါ

စွတ်ပြုတ်ရည်နဲ့ ချက်ရင် ပိုကောင်းပါတယ်။အမြန်လုပ်စားတာမလို့ စွတ်ပြုတ်ရည်ထိ မလုပ်နိုင်ဘူးဆိုရင် ရိုးရိုးရေထဲကို ပုဇွန်စိပ်၊ ငါးနီတူး ၊ ရှီတာကီ မှို တို့ကိုလှီးပြီး ထမင်းစားဇွန်း နဲ့ တစ်ဝက်လောက် ထည့်လိုက်ပါ။

ငရုတ်သီး၊ကြက်သွန်မြိတ်၊ငရုတ်သီးမှုန့် ၁ဇွန်း၊ ငရုတ်အနှစ် ၁ဇွန်း၊ ပဲငံပြာရည် ၂ဇွန်း၊ မက်မန်းသီး Juice ၁ဇွန်း၊နှမ်းဆီ ၁ဇွန်းဆီ ထည့်ပြီး အနှစ်ပြုလုပ်ပါမယ်

ရေဆူတာနဲ့ အနှစ်ကိုထည့်ပြီး ဂေါ်ဖီထုတ်၊ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတောင့်ရှည်တို့ကိုပါ ထည့်ပြီး ပြုတ်လိုက်ပါ။

အသီးအရွက်တွေကို ထည့်ပြီးလို့ ပွက်ပြီဆိုရင် ဆန်ချောင်းနဲ့ ခေါက်ဆွဲခေါက်တို့ကို ထည့်လိုက်ပါ~~
ငါးအသားပြားကတော့ အလွယ်တကူကျက်နိုင်တာမလို့ နောက်ဆုံးမှ ထည့်ပါမယ်။

ကြက်သွန်မြိတ်နဲ့ အဆုံးသတ်မယ်…..
လုံးဝကို လွယ်ကူပြီး စားလို့ကောင်းတဲ့ ရာပို့ကီ ချက်တာ
ပြီးမြောက်ပါပြီ~~~~~
ဒီလိုမျိုး တစ်ထုတ်လောက်စားပြီး ဒီညတော့ အမဲခြောက်ကြော်လေးနဲ့ မက်ဂျူ နှစ်ကတ်နဲ့ အဆုံးသတ်လိုက်ပါသေးတယ်~~ခ်ခ်
Dietကတော့ ဘယ်အချိန်မှန်း မသိတော့ပါဘူး :…(

Join the conversation

TOP

SHOPPING BAG 0

Wishlist

Login

Create an account

Password Recovery

Lost your password? Please enter your username or email address. You will receive a link to create a new password via email.