K-Beauty, K-Fashion, K-Food, Everything K!

Get the new info on K!

Cooking
Posted in

[잡채, Japchae]ကိုရီးယား ပဲကြာဇံသုပ် လုပ်စားကြရအောင်

Posted in

ကဲကဲ K-food loversတို့ရေ ဒီတစ်ခါကလည်း ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် အစားအစာ တစ်ခုဖြစ်တဲ့ ကြာဇံသုပ်တဲ့ နည်းလမ်းလေးကို လွယ်ကူ လျင်မြန်စွာ ချက်နိုင်အောင် ပြောပြသွားမှာဖြစ်ပါတယ်

*Source: Brunch

ကဲဒါဆိုရင် ပါဝင်ပစ္စည်းတွေကနေ စပြီး ပြင်ဆင်လိုက်ရအောင်နော်
လိုအပ်တဲ့ ပစ္စည်းတွေကတော့…
ကြာဇံ ၅၀၀ဂရမ် ၊ဝက်သား ၃၀၀ဂရမ်၊ မုန်လာဥနီ ၁/၂ ၊ကြက်သွန်နီ ၁/၂၊ငရုတ်ပွ ၁/၂၊ ဟင်းနုနွယ် အနည်းငယ်၊ ရှီတာကီမှို ၂ခု ၊ပဲငံပြာရည် ခွက်တစ်ဝက်၊သကာရည် ၁ခွက်၊ဟင်းသီးဟင်းရွက်ဆီ ၅ဇွန်း(ထမင်းစားဇွန်း)၊နှမ်းဆီ ၃ဇွန်း၊ဆားအနည်းငယ်၊ကြက်သွန်ဖြူ နုပ်နုပ်ဆင်း တစ်ဇွန်း၊ ငရုတ်ကောင်း အနည်းငယ်
အသားကိုတော့ အရင်ဆုံး အရသာနယ်ပြီး အသင့်ပြင်ပါမယ်။ပဲငံပြာရည် ၁ဇွန်၊ထောင်းထားတာဖြစ်ဖြစ် နုပ်နုပ်ဆင်းထားတဲ့ကြက်သွန်ဖြူ တစ်ဇွန်း၊ ငရုတ်ကောင်း နည်းနည်း၊ ထမင်းနဲ့ လုပ်တဲ့ ဝိုင် (ဒါမှမဟုတ်)ဆိုဂျူ တစ်ဇွန်းလောက် ထည့်ပြီး နယ်ပေးပါ။ခါကြက်ဥ ၊ ကြက်သွန်နီ ၊ငရုတ်ပွနဲ့ ရှီတာကီမှိုတို့ကိုတော့ စားဖို့ သင့်တင့်တဲ့ အရွယိလောက်လှီးထားပါ။
မုန်လာဥနီ ၊ကြက်သွန်နီ ၊ငရုတ်ပွ နဲ့ မှိုတို့ကို အတူတူကြော်လိုက်ပါ။ပမာဏများရင်တော့ တစ်ခုချင်းစီကြော်တာ ကောင်းပါတယ် ။အခုတော့ အရမ်းမများလို့ အတူတူအကုန် ကြော်လိုက်ပါတယ်။ဟင်းနုနွယ်ကိုတော့ ရေနွေးနဲ့ ဖျော်ပြီးမှ ကြော်ရင် ပိုကောင်းပေမယ့် နည်းနည်းလေးဆိုတော့ ရေနွေးဖျော်မနေဘဲ တစ်ခါတည်း ကြော်လိုက်ပါတယ်။ ထင်ထားတာထက်တော့ အဆင်ပြေသွားပါတယ်။
နောက်ပြီးရင် ဝက်သားကို သက်သက်ကြော်ပါ။ ဝက်သားဆိုကတည်းက အသားကြည့်ပဲ မြည့်ကြည့်ရင်တောင် အတော် အရသာရှိပါတယ်။
ကဲ ဝက်သားကြော်လို့ပြီးရင် ကြာဇံဘက်ကို သွားကြရအောင်
ကြာဇံကိုတော့ ရေနွေးဆူဆူထဲမှာ ၁၀မိနစ်လောက် ပြုတ်ပြီးရင် ရေအေးထဲမှာ တစ်ခါထပ်စိမ်ထားပြီးမှ အရေစစ်ထားပါ
ခုကတော့ အရသာ ထည့်နယ်ရမယ့် အချိန်ရောက်ပါပြီ။
ကြာဇံသုပ်ရဲ့ အရေးကြီးဆုံးဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ ပဲငံပြာရည်နဲ့ သကာရည်ရဲ့ ထည့်ရမယ့် အချိုးကတော့ ကြာဇံရဲ့ ၁:၂ဖြစ်ပါတယ်
ချိုတာကို သိပ်မကြိုက်ရင်တော့ သကာရည်ကို အနည်းငယ် လျော့ထည့်ပါနော်။ကျွန်တော်ကတော့ အချိုကြိုက်လို့ ပုံပါအချိုးအတိုင်း ထည့်လိုက်ပါတယိ
ဒီလို ပဲငံပြာရည်နဲ့သကာရည် ကို ရေဆူဆူထဲ ထည့်ပြီးပြီ ဆိုရင်တော့ အသီးအရွက်ဆီ ၅ဇွန်းလောက် ထည့်ပြီးတဲ့နောက် ကြာဇံကို ထည့်ပါ။
ကြာဇံထဲကို အရသာ ဝင်လောကတဲ့အချိန်ထိ နယ်လိုက်ပါ။
ပြီးရင်တော့ ခုနက ပြင်ဆင်ထားတဲ့ အသီးအရွက်တွေနဲ့ ဝက်သားတွေ ထည့်လိုက်ပါ။
အရသာကလည်း ရှယ်ဂွတ်တာကြောင့် ကျွန်မကတော့ ခဏခဏ လုပ်စားဖြစ်ပါတယ်။ လူကြီးမင်းတို့လည်း ဒီလိုရိုးရှင်းလွယ်ကူတဲ့ ကြာဇံသုပ်လေးကို တစ်ခေါက်လောက်တော့ လုပ်စားကြည့်ကြပါဦးနော်~~~~ မင်မင်ကတော့ အရမ်းတွေ သရေကျနေပါပြီ

အခြား ချက်ပြုတ်နည်း အကြောင်းအရာများအား
https://blessingmall.net/category/cooking/

Join the conversation

TOP

SHOPPING BAG 0

Wishlist

Login

Create an account

Password Recovery

Lost your password? Please enter your username or email address. You will receive a link to create a new password via email.